Monday, July 13, 2015

တိုင်းရင်းသား
သွေးချင်းတို့ ၏ ကပွဲသဘင်~~~~~~
~~~~~~~~
ကချင်မလေး ယဉ်ပါပေ
မနောကလို့ နေ
ကယားလေးတွေ ဖားးစည်အက
ရင်သပ်ရှုမောရ။
ဒုံးယိမ်းကတဲ့ ကိုကရင်
ညီညာသွက်လက် မြူးပျော်ရွှင်
ချင်းတို့ တီထွင် ဝါးညှပ်အက
မြတ်နိုးဖွယ်ပေ ပ။
ရွှရိုးကတဲ့ ကိုဗမာ
ဒိုးပတ်သံသာယာ
မွန်ပျို ကညာ ယဉ်စစ
ဟင်္သာလေူလို က။
ရှမ်းမလေးများ ချစ်စရာ
ကကြကိန္ဒရာ
ရခိုင်ရိုးရာ သျှင်ဒိုင်အက
မြင်သော်ရှုမဝ။
ကကြိုးစုံတဲ့ တိုမြန်ပြည်
ပန်းတိုင်းပွင့်ဝေစည်
သွေးရင်းပီပီ ညီညွတ်မှု
ပင်လုံသက်သေပြု။

မောင်လင်း
သိုက်ဝါးကုန်းကျေးရွာ
ကချင်ပြည်နယ်
မိုးကောင်းမြို့နယ်
maungmaungkachinlay@gmail.com