Saturday, December 1, 2012
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများ နိုဝင်ဘာလ၂၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ အထိ ရုပ်သိမ်းခြင်းမရှိသေး၊၂၈ ရက် ည ၁၂ နာရီတွင်လူစုခွဲခြင်းမရှိပါက ရဲလုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ကြေညာ PDF Print
Thursday, 29 November 2012 02:34
AddThis Social Bookmark Button
thn-29-11-12-1
တာဝန်ကျရဲတပ်ဖွဲ့များက နိုဝင်ဘာလ ၂၈ ရက် ည ၁၂ နာရီတွင် လူစုခွဲရန် ကြေးနီစီမံကိန်းဧရိယာအတွင်း ယင်းနေ့ညပိုင်းက ကြေညာနေစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုအား နိုဝင်ဘာလ ၂၇ ရက်နေ့ည ၁၂ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသော်လည်း နိုဝင် ဘာ ၂၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်အထိ သပိတ်စခန်းများ ရုပ်သိမ်းခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါသပိတ်စခန်းများကို ၀င်ရောက်စီးနင်းခြင်း၊ ဦးဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသေးဘဲ ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ ဒိုင်း၊ ရာဘာတုတ်များဖြင့် အရေးခင်းနှိမ်နှင်းခြင်း လေ့ကျင့်ခန်းများကို သာလုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါဒေသတွင်ရောက်ရှိနေသော EMG သတင်းထောက်မှ သတင်းပေးပို့ပါသည်။
"လောလောဆယ်တော့ သပိတ်စခန်းတွေမှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူ ၅၀၀ ၀န်းကျင်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကလည်း ၅၀၀ လောက်ရှိမယ်ခန့်မှန်းပါတယ်။ သပိတ်စခန်းဆီက မေတ္တာသုတ်ရွတ်တာ ရံဖန်ရံခါကြားရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ၀မ်ပေါင်ကုမ္ပဏီဝင်းထဲမှာ ဒိုင်းတွေ၊ ရာဘာတုတ်တွေနဲ့ ဆုတ်တက် ဆုတ်တက် အော်ပြီး အဓိကရုဏ်းနှိမ်နှင်းရေး လေ့ကျင့်ခန်းလုပ်နေတာ တွေ့ရပါတယ်။မနက်ပိုင်းက သူတို့ လေ့ကျင့်ခန်းလုပ်နေတာကို ဓာတ်ပုံသွားရိုက်တဲ့ မီဒီယာသမားတွေကို ကုမ္ပဏီဝင်းနားကပ်ပြီး ဓာတ်ပုံမရိုက်ဖို့ အသံချဲ့စက်နဲ့ သတိပေးပါတယ်။ ဘယ်သူ့ကိုမှ ဖမ်းတာဆီးတာမလုပ်ပါဘူး။ သပိတ်စခန်းတွေက တောင်းဆိုချက် ၃ ချက် တောင်းဆိုတာရရင် ၂၀၁၃ မတ်လအထိ ဆန္ဒပြတာ ရပ်ပေးမယ်လို့ အကြောင်းကြားထားပါတယ်"ဟု EMG သတင်းထောက်က သတင်းပေးပို့ပါသည်။
လက်ပံတောင်းတောင် ကယ်ဆယ်ရေးကော်မတီက ယခုဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက်နည်း ဖြင့် နှိမ်နှင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။
 ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ဆန္ဒပြမှုများကြောင့် လက်ပံတောင်းတောင်စီမံကိန်းကို နိုဝင်ဘာ ၁၈ ရက် ကတည်းက ရပ်ဆိုင်းထားရသည်ဟု ဆိုပြီး စီမံကိန်း ဆက်လက်လုပ်ဆောင်သင့်/မသင့်အတွက် နိုင်ငံတော်အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီးဖြစ်သောကြောင့် အဆိုပါကော်မရှင်အနေဖြင့် လွတ်လပ်စွာစစ်ဆေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေသည်ကို တွေ့မြင်ရန်လိုအပ်သောကြောင့် ဆန္ဒပြမှုများရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဆန္ဒပြမှုများအားလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။
Update : 3:00
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့်   ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။
Update 3:15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား  နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 3:50
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း   ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
Update 4:09
လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ သပိတ်စခန်းများ ရုပ်သိမ်းခြင်းမရှိသေးသလို ရဲတပ်ဖွဲ့ဝင်များကလည်း ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ အရေးအခင်းနှိမ်နှင်းရေးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိ PDF Print
Wednesday, 28 November 2012 16:46
AddThis Social Bookmark Button
လက်ပံတောင်းတောင် စီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်း ခြောက်ခုအား နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ရုပ်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသော်လည်း နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီအချိန်အထိ သပိတ်စခန်းများ ရုပ်သိမ်းခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါသပိတ်စခန်းများကို ၀င်ရောက်စီးနင်းခြင်း၊ ဦးဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်း တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပဲ ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ ဒိုင်း၊ ရာဘာတုတ်များဖြင့် အရေးခင်းနှိမ်နှင်းခြင်း လေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါဒေသတွင်ရောက်ရှိနေသော EMG သတင်းထောက်မှ သတင်းပေးပို့ပါသည်။
"လောလောဆယ်တော့ သပိတ်စခန်းတွေမှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူ ၅၀၀ ၀န်းကျင်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကလည်း ၅၀၀ လောက်ရှိမယ်ခန့်မှန်းပါတယ်။ သပိတ်စခန်းဆီက မေတ္တာသုတ်ရွတ်တာ ရံဖန်ရံခါကြားရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ၀မ်ပေါင်ကုမ္ပဏီဝင်းထဲမှာ ဒိုင်းတွေ၊ ရာဘာတုတ်တွေနဲ့ ဆုတ်တက် ဆုတ်တက် အော်ပြီး အဓိကရုဏ်းနှိမ်နှင်းရေး လေ့ကျင့်ခန်းလုပ်နေတာ တွေ့ရပါတယ်။မနက်ပိုင်းက သူတို့ လေ့ကျင့်ခန်းလုပ်နေတာကို ဓာတ်ပုံသွားရိုက်တဲ့ မီဒီယာသမားတွေကို ကုမ္ပဏီဝင်းနားကပ်ပြီး ဓာတ်ပုံမရိုက်ဖို့ အသံချဲ့စက်နဲ့ သတိပေးပါတယ်။ ဘယ်သူ့ကိုမှ ဖမ်းတာဆီးတာမလုပ်ပါဘူး။ သပိတ်စခန်းတွေက တောင်းဆိုချက် ၃ ချက် တောင်းဆိုတာရရင် ၂၀၁၃ မတ်လအထိ ဆန္ဒပြတာ ရပ်ပေးမယ်လို့ အကြောင်းကြားထားပါတယ်"ဟု EMG သတင်းထောက်က သတင်းပေးပို့ပါသည်။
လက်ပံတောင်းတောင် ကယ်ဆယ်ရေးကော်မတီက ယခုဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက်နည်း ဖြင့် နှိမ်နှင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ဆန္ဒပြမှုများကြောင့် လက်ပံတောင်းတောင်စီမံကိန်းကို နိုဝင်ဘာ ၁၈ ရက် ကတည်းက ရပ်ဆိုင်းထားရသည်ဟု ဆိုပြီး စီမံကိန်း ဆက်လက်လုပ်ဆောင်သင့်/မသင့်အတွက် နိုင်ငံတော်အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးပြီးဖြစ်သောကြောင့် အဆိုပါကော်မရှင်အနေဖြင့် လွတ်လပ်စွာစစ်ဆေးနိုင်ရန် စီမံကိန်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေသည်ကို တွေ့မြင်ရန်လိုအပ်သောကြောင့် ဆန္ဒပြမှုများရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ဆန္ဒပြမှုများအားလုံးကို နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားပေးရန် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။
အခြားဆက်စပ်မှုရှိသောသတင်းများ
» လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများ နိုဝင်ဘာလ၂၈ ရက် ည ၁၀ နာရီ မိနစ် ၃၀ အထိ ရုပ်သိမ်းခြင်းမရှိသေး၊၂၈ ရက် ည ၁၂ နာရီတွင်လူစုခွဲခြင်းမရှိပါက ရဲလုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ကြေညာ
» လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်နေသူများမှ အချက်သုံးချက်ပါသော တောင်းဆိုမှုအား တာဝန်ရှိသူများထံ ပေးပို့
» လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးရန် ထပ်မံအသိပေးလျက်ရှိ
» လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒ ထုတ်ဖော်မှု အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင်ပြုလုပ်
» လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေဧရိယာတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံး နိုဝင်ဘာလ ၂၇ ရက် ညတွင် ပြန်လည်ဆုတ်ခွာခြင်း မရှိသေးဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း စောင့်ကြည့်နေဆဲဖြစ်
» လက်ပံတောင်းတောင် စီမံကိန်း နယ်မြေဧရိယာ တစ်ဝိုက်တွင် ဆန္ဒပြ နေသော အဖွဲ့အစည်းအားလုံး နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထား ဖယ်ရှားရှင်းလင်းပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်
 ပြန်လည်ဝေမျှပါသည်။
မောင်လင်း
သိုက်ဝါးကုန်း
ကချင်ပြည်နယ်
maungmaungkachin@gmail.com
No comments:
Post a Comment