မြန်မာပြည်မှာ
ယခုဆို
မီးပုံမှန်
ပျက်နေ
ညညဆို မီးတွေပျက်
စိတ်ကူးတွေလဲတဂျက်ဂျက်။
မီးမလာလို့ စိတ်မပျော်
စိတ်ထဲရှိတာပြောလိုက်မယ်
စိတ်ထဲမကြေသည်။
အများကြားအောင်
သံကုန်ဟစ်
အသံကုန်ဟစ်
ဟစ်........ ဟစ်
ပုံမှန်ပျက်နေတာကိုပြောလိုက်ချင်ပါတယ်.။
ပျက်လို့ ပျက်တယ်ပြောတာကို မယုံရင်လဲ လဲသေရင်ယုံကလွဲလို့ ဘာဆိုဘာမှမတတ်နိုင်ပါဘူး
အော်.....တို့ ပြည်ကြီးမှာ သယံဇာတတွေလဲ ပေါလိုက်တာ..
ဘာလို့ မီးပုံမှန် မရတာလဲကို တွေးလို့ ကို မဆုံးတော့ ပါဘူးဗျာ။
ဟို တစ်ချိန်က ဗိုလ်ချုပ်လူလည်တို့ များ အကုန်လုံးရောင်းစားလိုက်ပြီလားမသိဘူးနော်
ခင်များတို့ ကောဘယ်လို ထင်လဲ
ကျွန်တော်ကတော့  အကုန်ရောင်းစားပြီး ပြေးပြီးထင်တယ်..
အခုလဲ နောက်တစ်ယောက်ပြန်လာပြီ
ကောင်းကောင်းကြီးကို ပြောလိုက်တာ ဟဲ ဟဲ..
မီးပုံမှန်လာတော့မှာတဲ့ သူပြောတာနော် ကျွန်တော်ပြောတာမဟုတ်ပါဘူးဗျာ။
ဗိုလ်ချုပ်အောင်ဆန်းကတော့ လာမမြင်နိုင်တော့ လို့ လုပ်ချင်ရာ အကုန်လုပ်နေကြတာပဲဗျာ။
သူတို့ မရှိတော့လဲ အများပြည်သူတွေရှိနေသေးတာပဲ မဟုတ်လား.
မီးကလဲ လာပြန်ပြီ ၅မိနစ် ၆မိနစ်ဆို ပျက်ပြီ ကောင်းတော့ ကောင်းပါတယ်
ဖယောင်းတိုင်များများရောင်းရတာပေါ့ နော့် .....
လျှပ်စစ် မီးနဲ့ အလုပ် လုပ်တဲ့ စက်ရုံကြီးတွေ ဖယောင်းတိုင်သွားရောင်းလို့ ကတော့ 
သူဌေးဖြစ်ပြီပေါ့ ဗျာ...။
မီးပုံမှန်လာပါစေလို့ 
မဟာသမ္မတကြီးကို
ကျွန်တော်ကိုပဲ
အားကိုးရတော့မှာပဲ..။
မောင်လင်း
သိုက်ဝါးကုန်း
ကချင်ပြည်နယ်
မိုးကောင်းမြို့ နယ်
maungmaungkachin@gmail.com
No comments:
Post a Comment