ရခိုင် ဆူပူမူ သတင်း အပြည့်အစုံ
-
09 June 2012 |
-
By Popular News

ဇွန်လ(၈)
ရက်နေ့ နေ့လည်(၁) နာရီခန့်တွင် မောင်တောမြို့မ ကျောက်ဗလီမှ ၀တ်ပြုပြီး
ဆင်းလာ သည့် ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူ အင်အား (၁၀၀၀)ကျော် ခန့်သည်
ကမ္ဘောဇ ဘဏ်အဆောက်အအုံ၌ အဖီချထားသည့် အမိုးအား ဆွဲချပြီး
ဆူပူအော်ဟစ်ခဲ့သည့်အပြင် ယူနိုက်တက် တည်းခို ခန်းနှင့် နေအိမ်
တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက် ခဲ့ကြကြောင်း၊ နေ့လည်(၂)နာရီခန့်တွင်
သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက် ဆိုင် ဈေးတန်းအား
မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင်
နှင့် ဆေးရုံကြားရှိ ဘုန်းတော် ကြီးကျောင်း(ဗဟိုကျောင်း)အနောက်ဘက်
ဗိုလ်မှူးရွာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း
နေအိမ်(၂)လုံးအား မီးရှို့ဖျက် ဆီး ခဲ့ကြောင်း၊ ဆက်လက် ၍
မောင်တော-အလယ်သံကျော်ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု
ခရေမြိုင်(နတလ)ကျေးရွာနှင့် ညောင်းချောင်းကျေးရွာ အုပ်စုရှိ ရွှေရင်အေး
(နတလ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား မီးရှို့ခဲ့ကြောင်း၊ ညနေပိုင်းတွင်
ဆူပူသူ (၂၀)ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ၀င်
ရောက်နှောက်ယှက်ခဲ့သာည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့
ရကြောင်း၊ ဆေးရုံ အရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ်(၂)လုံးအား
ထပ်မံမီးရှို့ခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများမှာ အနီးဝန်းကျင်ရှိ
ဘုန်းတော်ကြီးကျောင်း များသို့ ပြောင်း ရွှေ့တိမ်းရှောင်ခဲ့ရကြောင်း၊
ထို့ပြင် ဆူပူသူတို့၏ ရန်ပြုမှုများကြောင့် ဗိုလ်မှူးရွာမှ အောက်ပါ ဒဏ်ရာရ/သေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ/လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင် ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့ရ)
နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော
ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊
ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး
ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။ လေယာဉ်၊ ရဟတ်ယာဉ်၊
ရေယာဉ်များ အသုံးပြု၍ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများ၊
ဆေးဝါးပစ္စည်းများ ပို့ဆောင်ပေးလျက် ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ
ဆေးအဖွဲ့များ၊ တပ်မတော်ဆေးဝန်ထမ်းတပ်မှ ဆေးအဖွဲ့များလည်း ရောက်ရှိနေပြီ
ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများကို အစစ အရာရာ လုံခြုံစိတ်ချ ရစေ
ရန် စောင့်ရှောက် လျက် ရှိကြောင်း သိရှိရပါသည်။
ပြည်သူများ သိစေရန်ပါ။
မောင်လင်း
သိုက်ဝါးကုန်း
ကချင်ပြည်နယ်
မိုးကောင်းမြို့ နယ်
maungmaungkachin@gmail.com
No comments:
Post a Comment