ကြီးပွားကြောင်းတရား.. ၆...ပါး
အာရောဂျ မိစ္ဆေ ပရမဉ္စ လာဘံ၊
သီလဉ္စ ၀ုဒ္ဓါနုမတံ သုတဉ္စ။
ဓမ္မာနုဝတ္တီစ အလီနတာစ၊
အတ္ထဿ ဒွါရာ ပမုခါ ဆဠေတေတိ။
တာတ ၊ ငါ့ သား၊ အာေ၇ာဂျံ၊ အနာမရှိသည်ဟု ဆိုအပ်သော၊ ပရမဉ္စ၊ မြတ်သော၊
လာဘံ၊ လာဘ္ကုိ၊ကၠု ေ စိၦယ်။အလုိရွိရာ၏။သီလဉ္စ၊ အကျင့် သီလကိုလည်း၊က္ကု ေ စိၦယ်။အလုိရွိရာ၏။
၀ုဒၶါႏုမတံ ၊ပညာရွိတုိ ့၏ဆုံးမၾသ၀ါဒကုိ၊၊ကၠု ေ စိၦယ်။အလုိရွိရာ၏။
သုတဥၥ၊ အၾကား အၿမင္ကုိလည္း၊ ၊ကၠု ေ စိၦယ်။အလုိရွိရာ၏
ဓမ္မာနုဝတ္တီစ၊ သုစရိုက်တရားသုံးကိုလည်း၊ ၊က္ကု ေ စိၦယ်။အလုိရွိရာ၏။
အလီနတာစ၊မပျင်းမရိသည်၏အဖြစ်ကိုလည်း၊ ၊က္ကု ေ စိၦယ်။အလုိရွိရာ၏။
ဆဠေတေ၊ဤခြောက်ပါးသောတရားတို့ သည်၊ အတ္ထဿ၊အကျိုးစီးပွား၏။ ပမုခါ၊မြတ်ကုန်သော၊
ဒွါရာ၊ အကြောင်းတို့ တည်း။
အခါတစ်ပါး မြတ်ဘုရားသည် ဇေတ၀န် ကျောင်းတော်၌ နေတော်မူသောအခါအကျိုးစီးပွား၌ ကျွမ်းကျင်လိမ္မာသော အမျိုးကောငိးသား ကို အကြောင်းပြုပြီးဟောတော်မူခဲ့ ၏။
သာဝတ္ထိ၌နေသော သူဋ္ဌေးသည်များစွာသော ရှိပြီး သားတစ်ယောက်ရှိသည်။
ထိုသူငယ်သည် ၇နှစ်သားအရွယ် ၌ အကျိုးစီးပွား တရားတို့ ကို ဖခင်အားမေး၏။
ထို အမေးကို သူဋ္ဌေးကြီးသည်မဖျြေနိုင်ဘူး။ တနေ့ သူဋ္ဌေးကြီးက အကြံ ဖြစ်၏၊
ငါ့ သားဟာ အလွန်သိမ်မွေ့ သော အမေးကိုငါကိုမေး၏ ဤလောကမှာ အထက်ဘ၀ဂ်၌လည်းကောင်း
အောက် အ၀ီစိ၌လည်းကောင်း ဤအမေးကို ဖြေနှိုင်သည့်  မြတ်စွာဘုရားမှလည်းကောင်း
ဖြေနှိုင်သည့်  ပုဂ္ဂိုလ်သည် ဤလောက သုံးဖြာ၌ မရှိပါ။ မြတ်စွာဘုရားရှင်အား မေးမှ အဖြေမှန်ကို
သိရတော့ မည်။ထိုသို့  အကြံရှိပြီး။ သားကိုခေါ်ပြီး၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသော
မြတ်စွာဘုရားဆီသို့  ကပ်ပြီး ။ ထိုအမေးကို မေး၏ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား
ဘုရားတပည့် တော် ၏၊ သားသည် ၇နှစ်အရွယ်ရှိပြီး အကျိုးစီးပွား ၏ အမေးပြဿနာ
မေးပါ၏ဘုရား။ ဤကဲသို့  ခက်ခဲသော အမေးကိုမေးပါတယ်ဘုရား။ ထိုအမေးကို
တပည့် တော် မဖြေနိုင်ပါဘုရား၊ ထိုအမေးအား ဖြေကြားတော်မူပါဘုရား၊
သူဋ္ဌေး ကြီး သင့် ကိုမေးသလို ငါ့အားဤသို့ သဘောရှိသောအမေးပြဿနာကိုမေးခဲ့ ပါ၏၊သင့်  သားသည် ဘ၀ ဖုံးလွမ်းသည့်  ၏အဖြစ်ကြောင့်  မသိခြင်းဖြစ်ပါတယ် သူဋ္ဌေးကြီးဤသို့ 
ပြောသည်ရှိသော် သူဋ္ဌေးကြီးက တောင်းသည်ဖြစ်သည်ရှိသော်အတိတ် ဇာတ်ကိုဟောတော် မူခဲ့ 
၏။
လွန်လေပြီးအခါသောကဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း တိုင်းပြည်အုပ်ချုပ်မင်းလုပ်အခါ
ဘုရားအလောင်းတော်ဟာ များစွာသော စည်စိမ်နှင့် ပြည့် စုံသော သူဋ္ဌေးကြီးဖြစ်ခဲ့ လေ၏
ထို အခါမှာလဲ ထိုသူဋ္ဌေး၏ ဆီမှာလဲ သားတစ်ယောက်ရှိခဲ့ ၏။
သားလေးဟာလဲ ၇နှစ်ရှိသည်ဖြစ်သော် မွေးဖွားသည်မှ ပညာရှိ၏။
အကျိုးစီးပွား၏ အကြောင်းကို ထို သူဋ္ဌေးကြီး ကို အမေးပြဿနာကို ရှေးနည်းအတိုင်း
မေးပြန်ခဲ့ လေ၏။
သူဋ္ဌေးကြီးက ငါ့ သား အကျိုးစီးပွား၏အကြောင်းတရားဟာ ၆ ပါးရှိတယ်ငါ့ သား
ဆိုပြီး ဂါထာ ကို ဆိုခဲ့ ၏။
ငါ့ သား ကြီးပွားကြောင်းတရားခြောက်ပါး ဘာတွေ ဆိုရင်
၁။အနာရောဂါကင်းခြင်း။
၂။အကျင့် သီလနှင့် ပြည့် စုံခြင်း။
၃။ပညာရှိတို့ ၏အဆုံးအမကို (သြ၀ါဒ)လိုက်နာခြင်း။
၎။အကြားအမြင်များခြင်း။
၅။သုစရိုက်တရားသုံးပါးကိုကျင့် ခြင်း။
၆။မပျင်းမရိခြင်း။
တို့ ဟာ လောကရဲ့  အကျိုးစီးပွားတရားတွေပါ ငါ့ သား။
ထို သားသည်လည်း ထို သို့ နေ့ မှစပြီး အသက်ထက်ဆုံး ကုသိုလ်တရားတို့ ကို ပွားများပြီး
အထက်နတ်ပြည်သို့  လားခဲ့ ကြလေ၏။
မြတ်စွာဘုရားရှင်သည် ထိုအခါက သားဟာ ယခုသင် ၏သားပါသူဋ္ဌေးကြီး
ထို အခါက ဖခင်သူဋ္ဌေးကြီးဟာ ယခု ငါဘုရားလို့ ဇာတ်တော်ပေါင်းတော်မူခဲ့ လေ၏။
ထို အကြောင်းတရား ဤခြောက်ပါးမှာမိအောင် ကျင့် ပါကွယ့် 
သိုက်ဝါးကုန်း
မောင်လင်း
ကချင်ပြည်နယ်
မိုးကောင်းမြို့ နယ်
maungmaungkachin@gmail.com
No comments:
Post a Comment