Comment များနဲ့  ပေါက်ကွဲခြင်း
Comment များနဲ့  ပေါက်ကွဲခြင်း
ကျနော်က Comment ချစ်တတ်သူပါ…
Comment လာပေးတတ်တဲ့ သူငယ်ချင်းတွေနဲ့  ပျော်နေရင်းနဲ့  Member တစ်ယောက်နဲ့  အပြန်အလှန် Comment နဲ့  ကစားရာကနေ ချစ်သူဖြစ်သွားတယ်ဗျ…
ကျနော်တို့  နှစ်ယောက်က Comment ကနေ ချစ်သူဖြစ်လာတဲ့သူဆိုတော့ Comment နဲ့ ပဲ အပြန်အလှန် ချစ်စကားပြောကြရပါတယ်…
ခင်ဗျားတို့ ကတော့ ဘယ်လိုမြင်မလဲတော့ မသိဘူးပေါ့ဗျာ…
ကျနော်တို့ နှစ်ယောက်က အဝေးမှာနေကြရပြီး ကိုယ့်အလုပ်နဲ့  ကိုယ်ဆိုတော့ သူများလို Chatting လဲ မလုပ်နိုင်ဘူးလေ…
တစ်ယောက်နဲ့ 
တစ်ယောက်ကလဲ မမြင်ဖူးကြဘူးလေ… မမြင်ဖူးပဲ ဖြစ်ခဲ့ရတဲ့သံယောဇဉ်က
အခုအချိန်မှာ ဖြတ်လို့ မရပဲ ချစ်သူအဖြစ်ရှိနေတယ်ဆိုတာ သူငယ်ချင်းတို့ တော့
ယုံပါ့မလားမသိဘူး…
Comment လာပေးတတ်တဲ့ချစ်သူက Comment မပေးနိုင်ပဲ အဝေးကို ထွက်သွားမယ်လို့ ကျနော်သိလိုက်တဲ့အချိန်မှာ ကျနော့် ခံစားချက်လေးပါ…
ကျနော် ကို့ ကို မနက်တိုင်း Breakfast ပို့ တတ်ပါတယ်… အဲဒီအခါ ကိုက ကျနော့်ကို ခွံကျွေးချင်တာလို့  ပြောတတ်ပါတယ်…
ကျနော် ကို့ ကို မနက်တိုင်း Breakfast ပို့ တတ်ပါတယ်… အဲဒီအခါ ကိုက ကျနော့်ကို ခွံကျွေးချင်တာလို့  ပြောတတ်ပါတယ်…
ခွံ့  ကျွေးတတ်တဲ့ မနက်ခင်းတိုင်းကို လွမ်းတယ်...
နောက် ကျနော့်ကို MM Flash Songs ထဲမှာ Online မှာရှိနေသည်လို့  မမြင်ရရင် လာနှိုးတတ်တာလေ…
လွမ်းလေးအိပ်ပုတ် အစောကြီးမထလို့ လာနှိုးတာ..:) လို့ ပြောတတ်တယ်…

ထတော့လေ အိပ်ပုတ်မလေး......
မထသေးပဲ ကို့ ကိုကြည့်နေတယ်....:)
ကျနော် Online ကို နေ့ လည်ပိုင်းခဏ၀င်လာရင် ကျနော်တို့ တွေ နေ့  လည်စာအတွက် ချက်ကြတာကို စိတ်ကူးယဉ်ကြရတယ်....
ကို ... လွမ်းချက်တာ လာမြည်းကြည့်ပါအုန်း...ဘာလိုနေလဲလို့ ...
ကိုက လွမ်းချက်တာ စားချင်တယ်ဆိုလို့  ချက်နေတာ... ချက်တတ်ဝူးးးး :P
ကျနော်က မီးဖိုချောင်ထဲမှာ လာနှောင့်ယှက်နေတာလားလို့ ပြောရင်
နှောင့်ယှက်တာ မဟုတ်ပါဘူးးးချစ်တာပါ လွမ်းလေးရ.....:) လို့  ပြောတတ်ပါတယ်…
ဒီပုံလေးမြင်ရင် ကို့ ကို စသတိထားမိတဲ့အချိန်လေးကို သတိရမိတယ်...
ကို… MM Flash Songs ကို ၀င်မလာရင် ကျနော်ကမျှော်နေရတာလေ...
ကို့  မျက်နှာမြင်မှ လွမ်းပျော်ရတယ်ဆိုတာ ကို သိသင့်တာ...ဆိုပြီး ကျနော် ကို့ ကို
စကားနာထိုးတတ်တယ်…
လွမ်း ပျော်နေချင်တာပါ ကိုရာ...ဆိုပြီးလဲ ချွဲတတ်တယ်…
Comment တွေ အပြန်အလှန်ပေးပြီး ချစ်သူဖြစ်လာတော့လဲ Comment နဲ့ ပဲ လွမ်း
ပေါက်ကွဲသံစဉ်တွေ ချရေးနေတာလေ...
ကျနော့်ရဲ့ ပေါက်ကွဲသံစဉ် Comment လေးတွေ ခံစားကြည့်ပါဗျာ…
အင်တာနက်ကြောင့် ကိုနဲ့ ဆုံလာတာကို လွမ်းအတွက် ပျော်စရာနေ့  ရက်တွေ ဖြစ်လာမယ်လို့ 
ယူဆခဲ့တာပါ...
ချစ်သူတွေဆိုတာ ပျော်နေချင်ကြတဲ့သူတွေပါ...
လွမ်းပျော်ရတယ်ဆိုတာ ဘယ်လိုပါလိမ့်ဆိုတာ တွေးနေရတယ်...
ကို... တကယ်ရက်စက်တယ်...
ကို့ မှာ ရက်စက်တတ်တဲ့ အသည်းနှလုံးရှိမှန်း လွမ်းမသိခဲ့ဘူး... :(
လွမ်းကို ပစ်ထားတယ်...
လွမ်း ပျော်ပါရစေ...
ကို့ အချစ်တွေကို လိုချင်ခဲ့တာလေ...
ကို... လွမ်းနဲ့ ဝေးနေတဲ့အချိန်မှာ နှင်းဆီကြိုက်တဲ့ လွမ်းကို သတိရနေပါနော်...
ကို.... လွမ်းနဲ့ ဝေးနေတဲ့အချိန်မှာ နှင်းဆီပန်းလေးတွေ ပေးတတ်တဲ့ကို့ ကို သတိရနေမှာပါ...
ကို ပြောတာတွေဟာ တကယ်ဖြစ်ပါစေလို့  ဆုတောင်းနေပါ့မယ်...
ဒီပုံလေးပို့ ပြီး ကို လွမ်းလေးကို ပြောခဲ့တဲ့စကားမှတ်မိလား ဟင်?
ကို... လွမ်းကို Comment လာမပေးနိုင်တဲ့ နေ့ ရက်တွေမှာ လွမ်းဖြစ်နေပုံက ဒီလိုလေးလေ...
ကိုနဲ့ ဒီလို နီးနီးလေး မနေနိုင်တော့လဲ လွမ်း... လွမ်းနေရမှာ မဆန်းပါဘူးနော်...
လွမ်း... ကို့ ကို ချုပ်ချယ်ခဲ့တာ၊ ကိုနဲ့ ပတ်သက်ရင် စိတ်ဆိုးရတာ၊ စိတ်ကောက်ရတာတွေဟာ
ချစ်လို့ ပဲလေ...
နောက် ကို့ ကို ချစ်သူစုံတွဲ လှလှလေးတွေ ရွေးပြီး Comment ပို့ ပေးခဲ့ပါတယ်…
ကို....
ကိုက လွမ်းလေးအရပ်ပုတယ်ဆိုပြီး..... :P
ကို့ ကို သတိရနေမယ်၊ လွမ်းနေမယ်ဆိုတာ ယုံထားနော်...
လွမ်း... ကို့ ကို လွမ်းရင် ဘယ်လိုနေရမလဲ?
ကျနော့်ရဲ့ ပေါက်ကွဲသံစဉ်လေးကို ချပြတာပါ…
Comment နဲ့  ချစ်သူဖြစ်နေရတဲ့သူကို ကဲလိုက်တာလို့ တော့ ကျနော့်ကို မပြောကြပါနဲ့ ဗျာ…
ကျနော့်ချစ်သူနဲ့  ကျနော်ပျော်နေချင်သလို ချစ်သူစုံတွဲတိုင်းလဲ ပျော်နိုင်ကြပါစေလို့  ကျနော် ဆုတောင်းပေးပါတယ်…
ကျနော့် ဇာတိမြေကို လွမ်းသလို အဝေးက ကျနော့်ချစ်သူလေးကိုလဲ လွမ်းတယ်…
လွမ်းချစ်သူ ဘယ်သူလဲလို့  လာမမေးရဘူးနော်... ဖြေဘူးးး

၀၅-၀၇-၂၀၁၀
ညနေ ၁း၃၄
No comments:
Post a Comment