အရွယ်မလွန်ခင် စဉ်းစားစေချင်...
ပဌမံ ပရာဇယေ သိပ္ပံ၊ ဒုတိယံပရာဇယေဓနံ။
တတိယံပရာဇယေဓမ္မံ၊ စတုတ္ထံ ကိံကရိဿတိ။
လောက၊ လောက၌ ၊ပဌမံ ၊ရှေးဦးပထမအရွယ်၌၊သိပ္ပံ၊ အတတ်ပညာကိုပရာဇယေ၊
မတုံသည်လည်းကောင်း၊ ဒုတိယံ၊ ဒုတိယအရွယ်၌၊ ဓနံ၊စည်းစိမ်ဥစ္စာကို၊မတုံသည်လည်းကောင်း။
တတိယံ၊ တတိယအရွယ်၌၊ ဓမ္မံ၊တရားကို၊မတုံသည်လည်းကောင်း။
စတုတ္ထံ၊ စတုတ္ထအရွယ်တိုင်မှ၊ ကိံကရိဿတိ၊ အဘယ်မှာရအံ့ မူနည်း။
လောနီတိ...ပဏ္ဍိတ... ကဏ္ဍ
ကျနော်တို့ နေနေတဲ့  ဤကမ္ဘာကြီးမှာနေထိုင်တဲ့ လူကြီး လူငယ်တွေဟာ ကိုယ် ဘယ်အရွယ်ကို
ရောက်နေကြ ပြီကို မေ့ တတ်ကြပါတယ်။
ပထမအရွယ်ကတည်းက စာသင်ရမည့် လူဟာ စာပဲသင်ရမှာပါ။
ဒုတိယအရွယ်ရောက်မှ စာသွားသင်မိရင်လဲ ငယ်ငယ်တုန်းကလိုတော့ ။သွက်လက်တဲ့ ဥာဏ်ပညာ
မရနှိုင်ပါတော့ ပါ။ဒါပေမဲ့  အရှင်ဒိပါမောက္ခဆ၇ာတော်ကိုတော့  အရွယ်လွန်မှစာသင်တာကိုတော့ 
ယခုဘယ်သူမှ မမှီနှိုင်သေပါဘူး။ ဒါဟာ အရွယ်လွန်မှ ကောင်းကျိုးလို့ ဆိုရမှာပါ။
ဒီအချိန်မှာကျနော်တို့ နိုင်ငံမှာနေ နေကြတယ့် အရွယ်ကောင်းတွေဟာ။
အချိန်ကိုမဖြုန်းကြပါနဲ့ လို့ ပြောချင်ပါတယ်။
အချိန်ကိုလေး စားလိုက်နာကြပါလို့ ပြာချင်ပါ၏။ပြောလို့ လဲ့ စိတ်မဆိုးကြပါနဲ့ ဗျာကျနော်က
ကောင်းစေချင်လို့ ပါ။တတိယ အရွယ်ရောက်ရင်လဲ တရားကို ရှာကြပါနော်။
ဒါမှလဲ နောင်တမလွန်ရောက်၇င်ကောင်းကျိုးကိုခံစား၇မှပါ။နောင် တလွန်ဆိုတာ တကယ်ရှိပါတယ်
ယခုလက်ရှိ ကြည့် မယ်ဆိုရင် အိမ်မှာမွေးထားတဲ့  ကြောင်ကလေး ကြက်လေးနဲ့  ခွေး အဆုံး
ပေါ့ ။သူတို့ တွေလဲ လူလောကထဲက သွားတာရှိသလို တိရိစ္ဆာန်ဘ၀ကပဲ မကျွတ်မလွတ်သေးတာပါ။
ဒီလို မဖြစ်အောင် ဒီလိုဘ၀မျိုးမရောက်အောင်တတိယအရွယ်ကတည်းကတရားကိုရှာကြစေချင်တယ်။
အဲ့ ဒီလို အရွယ်သုံးပါး လွန်ပြီးမှ နောက်ဆုံး စတုတ္ထအရွယ်ရောက်ရင်ဘယ်မှ ပညာမရှာနှိုင်
စီးပွားမရှာနှိုင် တရားဆိုတာဝေ လာဝေးပြီးပေါ့ ။အဲ့ ဒီလို ဘ၀ကိုမေ့ ပြီး နေလာခဲ့ လို့ 
သူတောင်းစားဘ၀ကို မရူ မလှရောက်သွားတာလဲ အများကြီးပါ။
သူများပေးမှ စားရတယ့် ဘ၀ရောက်ရင် ဘယ်လို မှ စိတ်ကိုမထိန်းသိမ်းနှိုင်ရင် ကိုယ့် ကို ကို
သေကြောင်း ကြံစည်တတ်ကြပါတယ်။
ပညာမတတ်ရှာခဲ့ လို့ ပါ။ သူလိုမျိုးဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် မို့  အရွယ်မလွန်ခင် ကျိုးစားကြပါလို့ .။
ဘယ်လောက်ပဲ မာကျောပါတယ်ဆို တဲ့  ကျောက်တောင်ကျောက်ခဲတွေဟာ
လူရဲ့ အတွေးနဲ့ ထို ကျောက်တောက်ကျောက်ခဲကို လက်နဲ့ တောင် ဖြိုဖျက်နှိုင်သေးတယ်
မဟုတ်လား။
မောင်လင်း
သိုက်ဝါးကုန်း
ကချင်ပြည်နယ်
မိုးကောင်းမြို့ နယ်
maungmaungkachin@gmail.com
No comments:
Post a Comment