““လမ်းလျှောက်မှားသူ””
ကွန်ပျူတာအတွက်အချက်နဲ့
မင်းအိပ်မက်တွေထဲမှာ
နေ့တွက်မကိုက်တဲ့ဈေးကွက်တစ်ခုလို
ငါဟာ့ ရောင်းတန်းမ၀င်ခဲ့ပါဘူးကောင်မလေးရယ်
ဒီနေ့နဲ့ မနက်ဖြန်
အပြန်အလှန်ယုံကြည်ရင်းနဲ့
တဖြည်းဖြည်းဝေးကွာသွားတဲ့
မျှော်လင့်ခြင်းတွေထဲမှာ
ငါကို့  ထားခဲ့ပါကောင်မလေးရယ်
ငါကတော့ ငါ့ဖြူစင်မှုနဲ့ငါ
ညစ်ပေနေတဲ့ သူတစ်ယောက်ပါ
နောင်တမဲ့ အသက်ရူသံတိုင်း
မင်းနှုတ်ဖျားက သတ်သွားခဲ့တယ်ဆိုတာ
မယုံနိုင်သေးတာ တစ်ခုကလွဲရင်
ကောင်မလေးရေ
လမ်းလျှောက်မှားနေတဲ့ နှလုံးသားက
အသိတရား မရနိုင်ခဲ့တော့
အရှုံးဆိုတဲ့ စကားလုံးတွေကို
အိပ်မက်ဆိုးတွေထဲက မရုတ်သိမ်းနိုင်ခဲ့သူပါ
ကွန်ပျူတာအတွက်အချက်နဲ့
မင်းအိပ်မက်တွေထဲမှာ
နေ့တွက်မကိုက်တဲ့ဈေးကွက်တစ်ခုလို
ငါဟာ့ ရောင်းတန်းမ၀င်ခဲ့ပါဘူးကောင်မလေးရယ်
ဒီနေ့နဲ့ မနက်ဖြန်
အပြန်အလှန်ယုံကြည်ရင်းနဲ့
တဖြည်းဖြည်းဝေးကွာသွားတဲ့
မျှော်လင့်ခြင်းတွေထဲမှာ
ငါကို့  ထားခဲ့ပါကောင်မလေးရယ်
ငါကတော့ ငါ့ဖြူစင်မှုနဲ့ငါ
ညစ်ပေနေတဲ့ သူတစ်ယောက်ပါ
နောင်တမဲ့ အသက်ရူသံတိုင်း
မင်းနှုတ်ဖျားက သတ်သွားခဲ့တယ်ဆိုတာ
မယုံနိုင်သေးတာ တစ်ခုကလွဲရင်
ကောင်မလေးရေ
လမ်းလျှောက်မှားနေတဲ့ နှလုံးသားက
အသိတရား မရနိုင်ခဲ့တော့
အရှုံးဆိုတဲ့ စကားလုံးတွေကို
အိပ်မက်ဆိုးတွေထဲက မရုတ်သိမ်းနိုင်ခဲ့သူပါ
No comments:
Post a Comment